ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံ အလုပ်သမားလူနာများ ငွေကြေးစိုက်ထုတ်ကုန်ကျမှု မရှိဘဲ ပိုမိုလွယ်ကူအဆင်ပြေစေရန် လှိုင်သာယာ မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် နာတာရှည် ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ် သွေးသန့်စင်သည့် ဝန်ဆောင်မှုဆောင်ရွက်နိုင်ရေး၊ ကျောက်ကပ်သွေးသန့် စင်စက်သုံးလုံး တပ်ဆင်နိုင်ရေးနှင့် ရေသန့်စက်များတပ်ဆင်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စီစဉ်ဆောင်ရွက်နေမှုကို အလုပ်သမား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို
ပိုမိုထိရောက်လွယ်ကူစေရန် အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများ၊ ဌာနကြီးဆေးခန်း၊
စာချုပ်ဆေးခန်းများဖြင့် ဆေးကုသမှုဝန်ဆောင်မှုများအပြင် နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသော
အာမခံအလုပ် သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်သည့် ဝန်ဆောင်မှုများကို အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင်
ကျောက်ကပ်သွေးသန့်စင်စက် လေးလုံးဖြင့် တစ်လပျမ်းမျှ လူနာဦးရေ ၁၂၆ ဦးအား အကြိမ် (၁၃၀) ကျောက်ကပ်သွေးသန့်စင် ဆောင်ရွက်လျက်ရှိပြီး
အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင်လည်း တစ်လပျမ်းမျှလူနာ ၁၄ ဦးအား (၁၀၁)ကြိမ် ကျောက်ကပ်သွေး
သန့်စင်ဆောင်ရွက်ပေးလျက်ရှိ သည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့
အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံစနစ်များကို စဉ်ဆက်မပြတ်အကောင်အထည်
ဖော်ဆောင်ရွက်လျက်ရှိရာ အဓိက လုပ်ငန်းစဉ်အနေဖြင့် အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်
မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်ပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး လူမှုဖူလုံရေးစီမံကိန်းအရ
အကျုံးဝင်အာမခံအလုပ်သမားများကို ဆေးကုသပေးသည့် ဝန်ဆောင်မှုကို တိုင်းဒေသကြီး၊ ပြည်နယ်
များတွင် ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment