ရန်ကုန် ဩဂုတ် ၁၇
မျိုးဆက်သစ် ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာ လက်ဝှေ့အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၃ ဒသမ ၅ကီလိုလူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုး သား ၆၇ ကီလို (ဂအဆင့်) ပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလို ပြိုင်ပွဲ၊ အမျိုးသမီး ၅၇ ကီလိုပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။
အမျိုးသား
၆၃ ဒသမ ၅ ကီလို လူသစ်တန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ
ကောင်းခန့်ဇော် (အနီ) နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မင်းခန့်ဇော် (အပြာ) တို့
ယှဉ်ပြိုင်ရာ ကောင်းခန့်ဇော် (အနီ) ကလည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ စရဲမြင့်အေး (အနီ)
နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ လွင်ကိုကိုထက် (အပြာ) တို့ ယှဉ်ပြိုင်ရာ
လွင်ကိုကိုထက် (အပြာ) ကလည်းကောင်း၊ အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ
အောင်ကောင်းမြတ် (အနီ) နှင့် မွန်ပြည်နယ်အသင်းမှ စောသိန်းဇော်မြင့် (အပြာ) တို့ ယှဉ်ပြိုင်ရာ
အောင်ကောင်းမြတ် (အနီ) ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ထက်ပိုင်စိုး (အနီ)
နှင့် ကရင်ပြည်နယ်အသင်းမှ စောအောင်ချစ်ကြည် (အပြာ) တို့ ယှဉ်ပြိုင်ရာ စောအောင်ချစ်ကြည်
(အပြာ) ကလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ
အမျိုးသား ၅၁ ကီလို (ဂအဆင့်) ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ
ဟန်ထူးဇော် (အနီ) နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စိုးမိုးလွင် (အပြာ) တို့
ယှဉ်ပြိုင်ရာ ဟန်ထူးဇော် (အနီ) ကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကောင်းခန့်ကျော်
(အနီ) နှင့် ကရင်ပြည်နယ်အသင်းမှ မင်းသစ္စာ (အပြာ) တို့ ယှဉ်ပြိုင်ရာ မင်းသစ္စာ (အပြာ)
ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလို (ဂအဆင့်) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ
အောင်ကျော်ကျော် (အနီ) နှင့် မွန်ပြည်နယ်အသင်းမှ ပြည့်စုံဖြိုး (အပြာ) တို့ ယှဉ်ပြိုင်ရာ
အောင်ကျော်ကျော် (အနီ) ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ အံ့ထူးခန့် (အနီ)
နှင့် ကရင်ပြည်နယ်အသင်းမှ စောပစော်ဖော (အပြာ) တို့ ယှဉ်ပြိုင်ရာ စောပစော်ဖော
(အပြာ) ကလည်းကောင်း၊ အမျိုးသား ၆၇ ကီလို (ဂအဆင့်) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ
ညိုနိုင်ဝင်း (အနီ) နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ နန္ဒ (အပြာ) တို့
ယှဉ်ပြိုင်ရာ ညိုနိုင်ဝင်း (အနီ) ကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ
ဟိန်းထက် (အနီ) နှင့် ကရင်ပြည်နယ်အသင်းမှ အောင်သန်းဇော်မြင့် (အပြာ) တို့
ယှဉ်ပြိုင်ရာ အောင်သန်းဇော်မြင့် (အပြာ) ကလည်းကောင်း အနိုင်ရရှိခဲ့သည်။
ထို့ပြင်
အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ နန်းခင်နှင်းထက် (အနီ) နှင့်
ပဲခူးတိုင်းဒေသကြီးအသင်းမှ ရဝေလှိုင် (အပြာ) တို့ ယှဉ်ပြိုင်ရာ ရဝေလှိုင် (အပြာ) ကလည်းကောင်း၊
မန္တလေးတိုင်းဒေသကြီးအသင်းမှ သက်ထားဗိုလ် (အနီ) နှင့် မွန်ပြည်နယ်အသင်းမှ
နော်ပွင့်ချောစု (အပြာ) တို့ ယှဉ်ပြိုင်ရာ သက်ထားဗိုလ် (အနီ) ကလည်းကောင်း၊
အမျိုးသမီး ၅၇ ကီလိုပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းမှ နန်းမြင့်မြင့်အေး (အနီ) နှင့်
ကရင်ပြည်နယ်အသင်းမှ နန်းသဉ္စာမိုး (အပြာ) တို့ ယှဉ်ပြိုင်ရာ နန်းသဉ္စာမိုး (အပြာ) က
လည်းကောင်း၊ ကယားပြည်နယ်အသင်းမှ ပိုင်ပိုင်စံ (အနီ) နှင့် ရှမ်းပြည်နယ်အသင်းမှ
ခင်စန္ဒာအောင် (အပြာ) တို့ ယှဉ်ပြိုင်ရာ ခင်စန္ဒာအောင် (အပြာ) ကလည်းကောင်း
ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဩဂုတ်
၁၈ ရက် ရိုးရာလက်ဝှေ့ပြိုင်ပွဲအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလို
လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊
အမျိုးသား ၆၀ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို (ဂအဆင့်) ပြိုင်ပွဲ၊
အမျိုးသား ၆၀ ကီလို (ဂအဆင့်) ပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ရာ
အားကစားဝါသနာရှင်များ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment