နေပြည်တော် ဩဂုတ် ၁၁
မြန်မာနိုင်ငံ၏ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေး (TVET) စနစ်ကို ခေတ်နှင့်အညီပြုပြင်ပြောင်းလဲရေး၊ စက်မှုသင်တန်းကျောင်းများ၏ အရည်အသွေးမြှင့်တင်နိုင်ရေးနှင့် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုထိရောက်စွာ မွေးထုတ်ပေးနိုင်ရေးအတွက် အရေးကြီးသည့် မူဝါဒဆိုင်ရာများကို စက်မှုသင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများ ရှာဖွေဖော်ထုတ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို
ယနေ့နံနက်ပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၌
ကျင်းပခဲ့ခြင်းဖြစ်ပြီး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုသင်တန်းကျောင်းများသည် သင်တန်းသားများကို
အောင်လက်မှတ်များပေးအပ်ရုံသာမက လုပ်ငန်းခွင်တွင် ချက်ချင်းဝင်ရောက်လုပ်ကိုင်နိုင်သည့်
ကျွမ်းကျင်မှုရှိသူများအဖြစ် မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့်
လေ့ကျင့်ရေးသည် ပညာရေးကဏ္ဍတစ်ခုသာမက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုကဏ္ဍတိုးတက်မှု၊
ရင်းနှီးမြှုပ်နှံမှုတိုးတက်မှု၊ MSME ဖွံ့ဖြိုးမှု၊ အလုပ်အကိုင်ဖန်တီးမှုနှင့် ပြည်သူများ၏
လူမှုစီးပွားဘဝမြင့်မားလာမှုတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည့် မဟာဗျူဟာကဏ္ဍတစ်ခုဖြစ်ကြောင်း။
စက်မှုသင်တန်းကျောင်းများသည်
ယခင်ကဲ့သို့ ကျောင်းအခြေပြုစနစ် (School-Centered System)မှ စက်မှုလုပ်ငန်းအခြေပြု
TVET စနစ် (Industry-Centered TVET System)သို့ တဖြည်းဖြည်း ပြောင်းလဲရမည်ဖြစ်ကြောင်း၊
ယနေ့ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် အကြံပြုချက်များသည် စက်မှုသင်တန်းကျောင်းများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကာလတို၊ ကာလလတ်နှင့် ကာလရှည် လုပ်ငန်းစီမံချက်များချမှတ်ရာတွင် အခြေခံမူဝါဒများ ဖြစ်လာစေမည်ဖြစ်ကြောင်း၊
လက်တွေ့အတွေ့အကြုံ၊ အခက်အခဲ၊ အောင်မြင်မှုများနှင့် အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို
ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ စက်မှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးများနှင့် တက်ရောက်လာသူများက
စက်မှုသင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သင့်သည့် အချက်များအတွက်
နည်းလမ်းရှာဖွေလေ့လာဖော်ထုတ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသင်ယူမှုစနစ်၊ သင်ကြားရေးအရင်းအမြစ်နှင့်
နည်းပြဆရာများ၏ အရည်အသွေးမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
မွန်းလွဲပိုင်းတွင်
စက်မှုသင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်နိုင်ရန် နည်းလမ်းများရှာဖွေဖော်ထုတ်ခြင်းတို့ကို
အဖွဲ့လိုက်ဆွေးနွေးကြပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
အကြံပြုသုံးသပ်ဆွေးနွေး၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့
ဒုတိယဝန်ကြီး ဦးသွင်အောင်၊ တာဝန်ရှိသူများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်
နည်းပြဆရာ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment