ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့ပြင် စာရေးဆရာမ ပုညခင်က “စာဖတ်ခြင်း၏အကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့် စာပေဟောပြောကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးဆရာမပုညခင်အား ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ အခမ်းအနားအတွက် အလှူရှင်များက အလှူငွေများကိုပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်၍ ကျောင်းသား ကျောင်းသူများက “ထိန်းသိမ်းစို့လေစာပေအမွေ”သီချင်းနှင့် “အောင်မြင်ပါစေမြန်မာပြည်”သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားအတွင်း ပြခန်းများနှင့်ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုအတွက် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments:
Post a Comment