Wednesday, August 26, 2026

မြန်မာ - ဗီယက်နမ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

 


ရန်ကုန် ဩဂုတ် ၂၅

Union of Myanmar Travel Association (UMTA) နှင့် Visit Indochina တို့ ပူးပေါင်းစီစဉ်သည့် Da Nang–Hue–Hoi An ရက် ၄ည Famtrip ခရီးစဉ်အတွင်း မြန်မာဗီယက်နမ်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်၍ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြောင်း UMTA မှ သိရသည်။

အဆိုပါ Famtrip ခရီးစဉ်ကို ဩဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး UMTA အသင်း ဝင်ကုမ္ပဏီ ၅၈ ခုမှ ခရီးသွားလုပ်ငန်းရှင် ၆၁ ဦး ပါဝင်ခဲ့ကြသည်။ ခရီးစဉ်အတွင်း B2B Mini Work-shop ကိုလည်း ကျင်းပခဲ့ပြီး UMTA မြန်မာခရီးသွား အေဂျင်စီများ၊ Visit Indochina နှင့် ဗီယက်နမ်နိုင်ငံဘက်မှ သက်ဆိုင်ရာ Tourism Authoritiesနှင့် ခရီးသွားလုပ်ငန်းမိတ်ဖက်များ ပါဝင်ဆွေးနွေးသည်။

အဆိုပါ B2B Mini Workshop တွင် ခရီးသွားစျေးကွက်အခြေအနေများ၊ မြန်မာခရီးသွားဧည့်သည်များ၏ လိုအပ်ချက်များနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းရှင်များအကြား အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ထို့အပြင် ရှေ့ဆက်၍ Famtrip ခရီးစဉ်များ၊ B2B တွေ့ဆုံဆွေးနွေးမှုများနှင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်မှုများကို ဆက်လက်မြှင့်တင်ကာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းရှင်များအကြား စီးပွားရေးနှင့်လုပ်ငန်းဆိုင်ရာအခွင့်အလမ်းများ ပိုမိုဖန်တီးသွားရန် UMTA နှင့် Visit Indochina တို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာဗီယက်နမ်ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နှစ်နိုင်ငံအကြား ခရီးသွားဧည့်သည်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများပိုမိုတိုးမြင့်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း UMTA မှ သိရသည်။

MT

No comments:

Post a Comment