လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် Save the Children International (SCI) မှ အာရှဒေသဆိုင်ရာ Regional Director Mr. Arshad Mehmood Malik ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Save the Children International (SCI) နှင့် ဝန်ကြီးဌာနတို့အကြား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Early Childhood Care and Development – ECCD)ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ Save the Children International(SCI) အနေဖြင့် အဆိုပါ ECCD လုပ်ငန်းများ၌ နည်းပညာအကူအညီထောက်ပံ့ပေးအပ်နိုင်ရေးအခြေအနေ၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Save the Children International(SCI)တို့အကြား နားလည်မှုစာချွန်လွှာ(MoU)ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ Save the Children International (SCI)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mrs. Wang Le နှင့်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment