နေပြည်တော် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ ငဝန်မြစ် (လေးမျက်နှာမြို့) ၏ မြစ်ရေမှတ်သည် ၂၈ ပေ
ခန့်ရှိရာ မြစ်ရေမှတ်များ ကျဆင်းနေသည့်အတွက် ရေစီးဝင်လမ်းကြောင်း၏ လက်ယာဘက်ခြမ်းအား
နိုင်လွန်ကြိုးပိုက်များ ဖြင့်ထုပ်ပြီး သဲအိတ်တွဲများ ချခြင်း၊
ဒဂုန်စာမရီရေယာဉ်ကြီးဖြင့် (အလျား ၄ မီတာ၊ အကျယ် ၂ မီတာ၊ ထု ၀.၅ မီတာ) Geo Bag အိတ်ကြီးများချခြင်း၊
အလယ်ရေနက်ရေစီးကြောင်းတွင် Split Barge ရေယာဉ်ကြီးဖြင့်
(အလျား ၁၀ မီတာ၊ အကျယ် ၂ မီတာ၊ ထု ၀.၅ မီတာ) နှင့် (အလျား ၈ မီတာ၊ အကျယ် ၂ မီတာ၊
ထု ၀.၅ မီတာ) Geo Bag အိတ်ကြီးများ ချခြင်း၊ လက်ဝဲဘက်ခြမ်းအား
Steel Sheet Pile များ ရိုက်သွင်းခြင်း စသည့်လုပ်ငန်းများအား
အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဒုတိယဝန်ကြီး
ဦးဗိုလ်ဗိုလ်ကျော်က ကြည့်ရှုစစ်ဆေးပြီး ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်း
ပိတ်ဆို့ကာကွယ်ခြင်း လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊
နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ၏ ပေါင်းစပ်ဆောင်ရွက်နေမှုများအပေါ်
ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment