ဘန်ကောက် ဩဂုတ် ၂၇
(၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Dusit Thani Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Anutin Charnvirakul က အဖွင့်အမှာစကားပြောကြားပြီး အာဆီယံနိုင်ငံများမှ အလုပ်သမားရေးရာဝန်ကြီးများနှင့်
အဆင့်မြင့်အရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)
တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်မောင်စိုး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်
ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးသည် အာဆီယံအလုပ်သမားဝန်ကြီးများ
လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) အရ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ဆက်စပ်အစည်းအဝေးများမှ
အလုပ်သမားရေးရာဆုံးဖြတ်ချက်များ၊ အဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားရေးရာ ဆောင်ရွက်ချက်များကို
ဆွေးနွေးရန်နှင့် အာဆီယံအလုပ်သမားဝန်ကြီးများထံ တင်ပြအတည်ပြုနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံ
အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Phongsaysack Inthalath နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် လာအိုနိုင်ငံ၌ ရောက်ရှိနေသော
အထောက်အထားမဲ့မြန်မာလုပ်သားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်ရေးနှင့်
စပ်လျဉ်း၍ နှစ်နိုင်ငံသက်ဆိုင်ရာ အဖွဲ့အစည်းများပါဝင်သည့် လုပ်ငန်းအဖွဲ့ (Working
Group) ဖြင့် ဆွေးနွေး၍
လုပ်ငန်းစဉ်များအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာလုပ်သားများ၏ မိသားစုလွှဲပို့ငွေများ
တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပို့နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဝင်ထွက်ပေါက်များမှတစ်ဆင့်
တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေး၊ သက်သေခံလက်မှတ်များ ထုတ်ပေးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို
ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment