Friday, August 28, 2026

ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နေ့ချင်းပြီး ဆောင်ရွက်ပေး

 



နေပြည်တော် ဩဂုတ် ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မိုင်းဇင်း ၌ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ Biographic/ Biometric ကောက်ယူပြီး UID နံပါတ် တစ်ပါတည်းထုတ်ပေးခြင်းတို့ကို ယနေ့သွားရောက်ဆောင်ရွက်ပေးသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီး ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို ကာယကံရှင် ကျောင်းသား ကျောင်းသူတစ်ဦးချင်းထံ ပေးအပ်ကာ ကျောင်းသား ကျောင်းသူများအတွက် အာဟာရမုန့်များ ပေးအပ်သည်။

ထို့ပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment