နေပြည်တော် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်တာကျိုးပေါက်မှုကြောင့် ဆက်စပ်ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ယနေ့မွန်းလွဲ (၁) နာရီတွင် Myanmar New Power Investment Group Company Limited က ငွေကျပ်သိန်း (၂၀၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment