Friday, August 21, 2026

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၁/၂၀၂၆) ကျင်းပ



နေပြည်တော် ဩဂုတ် ၂၀

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ၏ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာနရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပသည်။

ပြောကြား

အစည်းအဝေးတွင် လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းကော်မတီနှင့် နည်းပညာအဖွဲ့များကို ပြင်ဆင် ဖွဲ့စည်း၍ ဘူမိနယ်မြေများ ထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ရန်၊ ပုပ္ပားတောင်အမျိုးသားဥယျာဉ်နှင့် Geosites များကို ပြည်ပခရီးသွားများပိုမိုသိရှိပြီး ဘူမိခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ယူနက်စကိုကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ် (UNESCO Global Geopark)အဖြစ် သတ်မှတ်ခံရရေး ကျန်ရှိနေသည့်အချက်များကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပြောကြားသည်။

ထို့နောက် အတွင်းရေးမှုး၊ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက ဆက်လက်တင်ပြဆွေးနွေး ကြသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူ အွန်လိုင်းမှ မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment