နေပြည်တော် သြဂုတ် ၂၀
မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော ဆီထွက်သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်စေရန် လိုအပ်သော နည်းပညာများ ပြန့်ပွားစေရေး ရည်ရွယ်၍ “ဆီထွက်သီးနှံ ထုတ်လုပ်မှု ပိုမိုတိုးတက်မြင့်မားရေးအတွက် ပဲပုပ်၊ နေကြာ၊ မြေပဲနှင့် နှမ်းသီးနှံများ၏ ပန်းတိုင် အထွက်နှုန်းရရှိစေရန် လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများ”ခေါင်းစဉ်ဖြင့် (၁၂၂)ကြိမ် မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ တည်ဆောက်ရေး (၂) နဝင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေး
အခမ်းအနားတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက
အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာမာမာဝင်းက
“ပဲပုပ်သီးနှံတိုးချဲ့ စိုက်ပျိုးထုတ် လုပ်ရေးနည်းလမ်းများ”၊ ဦးစီး အရာရှိ ဒေါက်တာအိအိချိုက
“တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရေးအတွက် နေကြာ သီးနှံမျိုးသန့် ထိန်းသိမ်းပွားများ
ခြင်းနည်းလမ်းများနှင့် အထွက်နှုန်းတိုးတက်ရေးဆိုင်ရာ နည်းလမ်း များ”၊ ဦးစီးအရာရှိ
ဒေါက်တာ ခင်ဆွေလှိုင်ထွန်းက “နှမ်းသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေး စိုက်ပျိုးနည်းစနစ်များ”၊
ဒုတိယ ဦးစီးမှူး ဒေါက်တာစုထွေးငယ်က “မြေပဲသီးနှံအထွက်နှုန်းတိုးတက် ရရှိရေး စိုက်ပျိုးနည်းစနစ်များ”၊
စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်မာလာမြင့်က ဆီထွက်သီးနှံများတွင်
ကျရောက်သော ပိုးမွှားများနှင့် ဘက်စုံကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ”၊ လက်ထောက်
ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် က “ဆီထွက်သီးနှံများတွင် ကျရောက်သော ရောဂါများနှင့်
ဘက်စုံကာကွယ် နှိမ်နင်းခြင်း နည်းလမ်းများ” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောကြသည်။
ဆွေးနွေးချက်များအပေါ် တက်ရောက်လာသည့် ဒေသခံ တောင်သူများက မိမိတို့
ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများနှင့် သိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ
တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြပြီး ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment