နေပြည်တော် ဩဂုတ် ၂၁
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting) ကို တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းဘုရင့်လေတပ်၊ Wing 6 မှ ပြန်လည်ထွက်ခွာခဲ့ကြရာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်မှအရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ လိုက်ပါလာသည့် တပ်မတော်အထူးလေယာဉ်သည် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံရုံးတို့မှတာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်များသည် ထိုင်း-မြန်မာအဆင့်မြင့်အရာရှိများ အစည်းအဝေးသို့တက်ရောက်ခဲ့ကြပြီး ထိုင်းဘုရင့်တပ်မတော်မှအကြီးအကဲများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် ထိုင်းနိုင်ငံရှိအထင်ကရနေရာများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment