နေပြည်တော် ဩဂုတ် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉)၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၆ ခုနှစ်တွင် အသစ်ခန့်အပ်လိုက်သည့် ဌာနစုမှူး-၂/အရာထမ်းငယ် ၂၉ ဦးတို့ကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ အာဆီယံရေးရာများ၊ ကောင်စစ်ရေးရာများ၊ နိုင်ငံတကာဥပဒေများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ခြင်း အစရှိသည့်ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ ၁၁ ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက အမှာစကားပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment