နေပြည်တော် ဩဂုတ် ၂၄
ပြည်ထောင်စုလွှတ်တော်နာယက မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကိုယ်စား ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဂျဲန်ဖန်နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များ ချီးမြှင့် ထောက်ပံ့သည်။
တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၃ဝ)ပါအတိုင်း ကျင့်ကြံနေထိုင်ရန်၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတော်နှင့် ပြည်သူတို့အကျိုးကို ရှေးရှုဆောင်ရွက်ရန်မှာကြားပြီး ပြည်ထောင်စုလွှတ်တော် နာယကကိုယ်စား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများအတွက် ဆန်နှင့်ဆီ ချီးမြှင့်ထောက်ပံ့ပေးအပ်သည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment