Sunday, August 16, 2026

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ (၁၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ



နေပြည်တော် ဩဂုတ် ၁၅

“လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးတိုင်းရစေသား” ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်း (MWCDF) ၏ (၁၃) နှစ် မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။





အခမ်းအနားသို့ ဒုတိယသမ္မတ (၁) ဦးညိုစော၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေးနှင့် ဒုတိယသမ္မတ (၂)၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၏ ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ Theme Song “လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးတိုင်းရစေသား” သီချင်းဖြင့် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက် ကြပြီး MWCDF အသင်း၏ ၁၃ နှစ် တာကာလအတွင်း အသင်း၏ လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသသည်။

ဂုဏ်ပြုဆုများ ချီးမြှင့်

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း (MWCDF) မှ ကဏ္ဍအသီးသီးတွင် နိုင်ငံတော်အဆင့် ဆုရရှိသူများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများအား ဒုတိယသမ္မတ (၁) ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ (၂)၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ပြခန်းများ ကြည့်ရှု

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ သည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင် ရေးအသင်း၏ လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထောက်ပံ့ငွေပေးအပ်

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဦးစီး၍ အသင်းနှစ်ပတ်လည် အစည်းအဝေးအား ကျင်းပပြုလုပ်ပြီး အသင်းဘဏ္ဍာငွေသုံးစွဲခြင်းနှင့် အသင်းဆောင်ရွက်ချက်များ ဆွေးနွေးခြင်း၊ အသင်းဖွဲ့စည်းပုံနှင့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းစဉ် အကျဉ်းချုပ်တင်ပြခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ ရှင်းလင်းပြောကြားခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများသို့ ထောက်ပံ့ငွေ၊ အသင်းဗလာစာအုပ်နှင့် လက် ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment