နေပြည်တော် ဩဂုတ် ၁၅
ရှေ့နေရှေ့ရပ်များသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ကြိုတင်ကာကွယ်ရေးနှင့် သတင်း ပို့တာဝန်ကို ဆောင်ရွက်ရမည့် သတင်းပို့အဖွဲ့အစည်းများဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနက ကြီးကြပ်ရေးအာဏာပိုင်အဖြစ် ကြီးကြပ်ဆောင်ရွက် ကြောင်း ယနေ့နံနက်ပိုင်းတွင် Hotel Max နေပြည်တော်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူးကျင်းပသည့် ရှေ့နေရှေ့ရပ်များအတွက် AML/CFT/ CPF သင်တန်းမှ သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင်
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက မြန်မာပြည်သူ တို့၏ဘဝ လုံခြုံမှုရှိစေရန်နှင့်
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတားမဖြစ်စေရန် AML/ CFT/CPFကို ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့
FATF (Financial Action Task Force) ၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊AML/CFT
အမျိုးသားအဆင့် မဟာဗျူဟာ ပထမသက်တမ်း (၂၀၁၉- ၂၀၂၃) လွန်မြောက်၍ ဒုတိယသက်တမ်း (၂၀၂၄-၂၀၂၈)
ကာလ အတွင်းရောက်ရှိ အကောင်အထည်ဖော်လျက်ရှိပါကြောင်း။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး/
အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး/ လူအများအပြား သေကြေစေသော လက်နက်ပြန့်ပွားရေးကို
ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့်
၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ် ပြဋ္ဌာန်းခဲ့ပြီးလည်းဖြစ်ပါကြောင်း
ယခုသင်တန်းသည် ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာနှင့် စွမ်းဆောင်ရည် မြင့်မားရေးကို
ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ရှေ့နေရှေ့ရပ်များအနေဖြင့် ဥပဒေကပြဋ္ဌာန်း သတ်မှတ်ချက်များနှင့်
ကြီးကြပ်ရေးအာဏာပိုင်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့သည်။
သင်တန်းကို ဩဂုတ်
၁၅ ရက် မှ ၁၆ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့်
ပြည်ထောင်စု တရားလွှတ်တော်ချုပ် AML /CFT အမျိုးသားအဆင့် မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆ခုနှစ်)
၏ လုပ်ငန်းအစီအစဉ် ၂.၆.၂၊ ၃.၁.၁၊ ၃.၂.၂.၊
၃.၂.၄၊ ၃.၃.၂ တို့အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊
ခရိုင်အဆင့် တရားသူကြီးများ၊ AML/ CFT လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ
ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ
သင်တန်းပို့ချမည့်သူများ၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ နေပြည် တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ
ရှေ့နေရှေ့ရပ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment