နေပြည်တော် ဩဂုတ် ၁၅
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်မွမ်းမံသည့် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဘောလုံးကွင်းပြင်ဆင်ဆောင်ရွက်နေမှုများကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည်
ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်
တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက
ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေးနှင့် တက္ကသိုလ်ပရိဝဏ်သန့်ရှင်းသပ်ရပ်ရေး၊
အဓိပတိလမ်းမမွမ်းမံပြင်ဆင်ရေး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment