ပုသိမ် ဩဂုတ် ၁၀
ရေဘေးသင့်ဒေသများတွင် ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အစည်းအဝေးတွင်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး
ရေပြန်လည်ကျဆင်း ပါက စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်၊ စပါးပြန်လည်စိုက်ပျိုးနိုင်ရေး
မြေယာပြုပြင်ခြင်း၊ စက်ယန္တရား၊ မျိုးစေ့ နှင့် သွင်းအားစုများ ကြိုတင် ပြင်ဆင်ထားရန်၊
စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ် နိုင်ရေး၊ ကျန်းမာရေး၊ ကူညီထောက်ပံ့ရေးနှင့်
လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ကြိုတင်တွက်ချက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး
သက်ဆိုင်ရာကော်မတီများက ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့်
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး
ဝန်ကြီးချုပ်က စေတနာရှင်ပြည်သူများ လှူဒါန်းသည့် အလှူငွေများ နှင့် လေးမျက်နှာမြို့နယ်
ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်
ရုံးဝန်ထမ်းမိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၂၀၀ ကိုလည်း လက်ခံရယူသည်။
အစည်းအဝေးအပြီးတွင်
ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်၌ ကျင်းပသည့် ရေကြည်မြို့နယ် ရေဘေးသင့်ပြည်သူများအား
ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ ရေဘေး အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
ရှင်းလင်းပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ရေကြည်မြို့ မြို့မရပ်ကွက် မိတ္ထီလာရိုးချောင်းအတွင်း
ရေဝင် ရောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယမန်နေ့ ညနေပိုင်းကလည်း
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း ကို မအူပင်မြို့ အမှတ်(၁)ရပ်ကွက်၊
မြို့ရှောင်လမ်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)၏ အစည်းအဝေးခန်းမတွင်
ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်များအား ထပ်ဆင့်ရှင်းလင်း၍
ဆောင်ရွက်ရမည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများအား
မှာကြားခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြမှုများအပေါ်
တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:
Post a Comment