နေပြည်တော် ဩဂုတ် ၁၀
ဧရာဝတီ တိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန် စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စား မှုကြောင့်၊ ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်တွင် ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၉ ရွာ၊ ငသိုင်းချောင်းမြို့ မြို့ပေါ် ရပ်ကွက်နှစ်ခုနှင့် ကျုံပျော်မြို့နယ်တွင် ကျေးရွာခြောက်ရွာ၊ စုစုပေါင်းမြို့ပေါ်ရပ်ကွက် ကိုးခုနှင့်ကျေးရွာ ၁၈၃ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် အနောက်တောင်
တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား
ရှာဖွေ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့်
လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ငဝန်ပန်းတာမှ
ရေဝင်လမ်းထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် ငဝန်ပန်းတာရေဝင်လမ်းအား (Geobags) အိတ်များ
ချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်း
လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိ
ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့်နေရာများရှိ
စာသင်ကျောင်းများ၊ လမ်းများတွင် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ
တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်
ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment