Saturday, July 4, 2026

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ

 


နေပြည်တော် ဇူလိုင် ၃

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဧည့်ခန်းမအဆောင်၌ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအဆင့်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးမှု၊ အာဏာသုံးရပ်ကို သီးခြားစီထားရှိပြီး အပြန်အလှန်ထိန်းကျောင်းခြင်းတွင် ကဏ္ဍတစ်ရပ်နှင့်တစ်ရပ် အပြုသဘောအမြင်ဖြင့် ညှိနှိုင်းဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ပါလီမန်စနစ် စစ်စစ်မဟုတ်သော်လည်း ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတို့၌ ယင်းစနစ်အပေါ် အခြေခံထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ မှာကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်များကို လေ့လာမည့်အပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တို့ကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။                          

သတင်းစဉ်

No comments:

Post a Comment