နေပြည်တော် ဇူလိုင် ၁၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန ပြည်ထောင်စုနယ်မြေအခွန် ဦးစီးဌာနမှူးရုံးက ကြီးမှူးကျင်းပသော အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awareness Campaign) အရ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေဥတ္တရသီရိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသက်ဆိုင်အောင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများနှင့် အခွန်ထမ်းလုပ်ငန်းရှင်များ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြသည်။
ဦးစွာ
နေပြည်တော်ကောင်စီဝင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူးက
အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအတွက် လူထုလှုပ်ရှားမှုအစီအစဉ်
လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့်
အခွန်အမျိုးအစားများနှင့် အခွန်အကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော
ဌာနဆိုင်ရာများ၊ အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များ၊ မရှင်းလင်းသည်များကို
မေးမြန်းဖြေကြားခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းနှင့်
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment