Saturday, July 4, 2026

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အငယ်တန်းဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်

 


နေပြည်တော် ဇူလိုင် ၃

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ သက်သာချောင်ချိစေရေး ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊အာလူးနှင့် ဆီတို့ကို ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ဘိလိယက်နှင့် စနူကာအားကစားခန်းမ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအငယ်တန်းဘိလိယက်နှင့် စနူကာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရမှတ် ၈၀ မှတ်ဖြင့် Highest Break အမှတ် အများဆုံးဆုရရှိသည့် အောင်နိုင်စိုး၊ တတိယဆုရရှိသည့် အောင်နိုင်စိုး၊ ဒုတိယဆုရရှိသည့် နေလင်းဦး၊ ပထမဆုရရှိသည့် ကျော်ဝင်းလှိုင်၊ အမျိုးသားစနူကာ တစ်ဦးချင်းပြိုင်ပွဲတွင် ရမှတ် ၆၄ မှတ်ဖြင့် Highest Break အမှတ်အများဆုံးဆုရရှိသည့် ကျော်စွာဝင်း၊ တတိယဆုရရှိသည့် မှူးဝေယံ၊ ဒုတိယဆုရရှိသည့် ချစ်မျိုးဦး၊ ပထမဆုရရှိသည့် ကျော်စွာဝင်းတို့ကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment