Saturday, July 4, 2026

အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် ဇူလိုင် ၃

အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်နိုင်ရေး၊ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာအလိုက် ကြီးကြပ်ကွပ်ကဲ၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ (၂) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးတို့က ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက ဌာနရှိ ပုံနှိပ်စက်များ၏ စွမ်းဆောင်နိုင်မှု၊ အရည်အသွေးမြင့်ပုံနှိပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်မှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက်ဆွေးနွေးကာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment