Sunday, July 19, 2026

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ် (တောင်ကြီး) တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

 



နေပြည်တော် ဇူလိုင် ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့တွင် နည်းပညာတက္ကသိုလ် (တောင်ကြီး) ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရန်နှင့် အဆောက်အအုံများအား ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ် (တောင်ကြီး) စာပေနှင့် အနုပညာအသင်းမှ ကျောင်းသား ကျောင်းသူများ Music Club ၏ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။

ဇူလိုင် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အတူ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) တို့မှ တာဝန်ခံများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အဆိုပါတက္ကသိုလ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment