ရန်ကုန် ဇူလိုင် ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ရောက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (ပထမနှစ်ဝက်) ဇုန်အဆင့် နည်းပြသင်တန်းတက်ရောက်နေကြသည့် ဆရာ ဆရာမ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက်
အင်းယားလမ်းရှိ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း (boat club) သို့ ရောက်ရှိကာ
လှေလှော်အားကစားလေ့ကျင့်နေကြသည့် တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး
ရန်ကုန်တက္ကသိုလ်ရှိ Centre for Research and Innovation (CRI) ၌ Area Studies Centre အခန်းများ ပြင်ဆင်ထားမှုအခြေအနေကို
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅)
နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊
အပန်းဖြေရိပ်သာ(Recreation
Centre) တည်ဆောက်နေမှုနှင့် ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်မည့်
မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment