ရန်ကုန် ဇူလိုင် ၁၈
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ရှိ ဝန်ထမ်းများကို တွေ့ဆုံအမှာစကားပြောကြားပြီး
မြေညီထပ် (Ground Floor) ရှိ အမှတ်တရပစ္စည်းအရောင်းခန်း၊ CCTV Control Room ၊ Data Center ၊ Book
Stack (စာအုပ်စင်ခန်း) များနှင့် ပြပွဲခန်းမ (Exhibi-tion
Hall) တို့ကိုလည်းကောင်း၊ ပထမထပ်ရှိ Multimedia Room၊ Audio Video Room နှင့် Digital Library Room တို့ကိုလည်းကောင်း၊
ဒုတိယထပ်ရှိ အထွေထွေစာဖတ်ခန်း၊ ရည်ညွှန်းစာဖတ်ခန်းနှင့် ရှားပါးနှင့် ပေ၊
ပုရပိုက်ခန်းတို့ကိုလည်းကောင်း၊ တတိယထပ်ရှိ အထူးစာဖတ်ခန်း (Special Reading
Room)၊ မသန်စွမ်းသူများစာဖတ်ခန်း၊ သင်တန်းခန်းမ၊ စာစု၊ စာပြုခန်းများကိုလည်းကောင်း
ကြည့်ရှုသည်။
ယင်းနောက်
ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာသင်တန်းသားများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ကလေးစာဖတ်ခန်းနှင့်
ပုံပြောခန်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment