ပေါင်စန်း ဇူလိုင် ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် နိုင်ငံတကာမီဒီယာများသည် ပေါင်စန်းဒေသ ဖွံ့ဖြိုးတိုးတက်မှု လေ့လာရန် ပေါင်စန်းမြို့သို့ ယနေ့ရောက်ရှိကြသည်။
လေ့လာရေးခရီးစဉ်နှင့်အတူ
နိုင်ငံတကာမီဒီယာသမားများသည် AI နည်းပညာ၏ မီဒီယာပေါ်သက်ရောက်မည့် စိန်ခေါ်မှုများ၊
မီဒီယာအချင်းချင်း၊ ပြည်သူအချင်းချင်း၊ ချစ်ကြည်ရင်းနှီးမှုအတွက် ပေါင်းကူးပေးနိုင်မည့်
မီဒီယာ၏ အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ အပြန်အလှန်ဝေမျှဆွေးနွေးမည့် အစီအစဉ်များလည်းပါဝင်ကြောင်း
သိရသည်။
ထို့ပြင် ပေါင်စန်းဒေသ၏
ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုအမွေအနှစ် နယ်မြေများ၊ ဒေသ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များကိုလည်း သွားရောက်လေ့လာကြမည်ဖြစ်သည်။
နိုင်ငံတကာမီဒီယာများ
လေ့လာရေးခရီးစဉ်စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင်
ပေါင်စန်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၌ ကျင်းပရာ ပေါင်စန်းမြို့ မြူနီစပယ်ကော်မတီ
အမြဲတမ်းအဖွဲ့ဝင်နှင့် ဒုတိယမြို့တော်ဝန် Mr Zhang Gexing နှင့် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းတို့က နိုင်ငံတကာမီဒီယာများကို
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment