နေပြည်တော် ဇူလိုင် ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ ခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ဆေးရုံအဆောက်အအုံနှင့် ဆေးရုံဝင်းအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ တက်ညီလက်ညီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ကြည့်ရှုပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးသည်
၂၀၀၈ ခုနှစ် ဇူလိုင်လက စတင်၍ ခုတင် (၂၀၀) ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပြီး ချင်းပြည်နယ်ဒေသခံများကို
ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။
ထို့နောက် ဖလမ်းမြို့
ဗလိုင်ရပ်ကွက်နှင့် ဖါရ်ထောက်ရပ်ကွက်ရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့်
ဒေသခံများ၏ နေအိမ်များကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ
ပူးပေါင်း၍ ဝိုင်းဝန်းပြင်ဆင်ပေးနေမှုကို ကြည့်ရှုပြီး သွပ်နှင့် သွပ်ရိုက်သံများကို
ထောက်ပံ့ပေးအပ်သည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ်
ဒုတိယဝန်ကြီးက ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်
ဦးစားပေးအလိုက် ထောက်ပံ့ပေးအပ်မည့်ပစ္စည်းများ မြေပြင်နှင့် ကွဲလွဲမှုမရှိစေရေး၊ ထောက်ပံ့ရေးပစ္စည်းများ
အလေအလွင့်မရှိစေရေးများနှင့် အမှန်တကယ်ထောက်ပံ့ရန်လိုအပ်သည့် ဒေသခံပြည်သူများ မကျန်ရှိစေရေးတို့ကို
စီမံဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment