Monday, July 13, 2026

ဥတ္တရသီရိမြို့နယ် ဂွေးပင်ရိုးကျေးရွာ၌ မိုဘိုင်းစခန်းသစ် ဖွင့်လှစ်

 


နေပြည်တော် ဇူလိုင် ၁၂

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းရှေ့၌ ကျင်းပသည်။



ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မိုဘိုင်းစခန်း ကိုးခု 4G LTE စနစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ တည်ဆောက်တပ်ဆင်ပြီးစီးခဲ့ပြီဖြစ်သည်။ ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းသစ်ကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းတို့က မိုဘိုင်းစခန်းကို ဖွင့်လှစ်ပေးကြကာ ဒုတိယဝန်ကြီးက အမှာစကားပြောကြား၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment