နေပြည်တော် ဇူလိုင် ၁၂
ကျန်းမာရေးဝန်ကြီးဌာန၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဇီရာရွှေပြည်လမ်းရှိ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင်
ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ပိတောက်ပင်ကိုလည်းကောင်း
ဦးဆောင်စိုက်ပျိုးပေးသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့်
ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများက ကျွန်း၊ ကံ့ကော်၊ ပိတောက်၊
ခရေ၊ စိန်ပန်း၊ မဟော်ဂနီ၊ စွယ်တော်၊ သပြေ၊ ယူကလစ်၊ ပျဉ်းမ၊ ရေတမာ၊ ပန်းမဲဇလီ၊ ကြောင်လျှာစသည့်
ပျိုးပင်စုစုပေါင်း ၂၀၀ စုပေါင်းစိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment