နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြင့် ပဲမျိုးစုံသီးနှံသုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်း၊
စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊
စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသနပညာရှင်များ
တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက
ယနေ့ အချိန်တွင် အဓိကအားဖြင့် လိုချင်သော ရလဒ်မှာ မတ်ပဲသီးနှံ တွင် အစေ့အရွယ်အစား
(3.25mm) ၏ အထက် ၅၀ ရာခိုင်နှုန်း ရရှိစေရန်နှင့် အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်ပြီး
အစေ့အရောင် ညီညာတောက်ပမှုရှိရမည်ဖြစ်ကြောင်း၊ ပဲပုပ်သီးနှံတွင်လည်း ဆီထွက်ပဲပုပ်နှင့်
အစေ့စားပဲပုပ်ဟူ၍ ဒေသအလိုက် ကွဲပြားလျက်ရှိသည်ကိုတွေ့ရပြီး ဆီထွက်ပဲပုပ် ကိုအဓိကထား၍
စပါးအပြီး ပဲပုပ် စိုက်ပျိုးစေလိုကြောင်း၊ အထွက်နှုန်းကောင်း ရောဂါဒဏ်ခံမျိုးများ ကိုအတွဲလိုက်
သုတေသနပြုလုပ်ရန်နှင့် ခိုင်ခိုင်မာမာနှင့် မြန်မြန်ဆန်ဆန်ဖြစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး
ဆွေးနွေးပွဲတက်ရောက်လာကြသော ပညာရှင်များ၊ သုတေသီများက မိမိတို့ ဆောင်ရွက်မည့် သုတေသနလုပ်ငန်းစဉ်များကို
တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment