နေပြည်တော် ဇူလိုင် ၁၅
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဆောင်ရွက်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် “လူငယ်နှင့်အသိပညာ” ခေါင်းစဉ်ဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ လူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ
(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမောင်သင်းက အမှာစကားပြောကြားပြီး
အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းက လက်ခံရယူ၍
လူငယ်အသိပညာပေးဟောပြောမည့် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) အား ဂုဏ်ပြုလက်ဆောင်များ
ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးကံမြင့်သန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြား ပြီး စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)
အား ဂုဏ်ပြုလက်ဆောင်ပေးအပ်၍ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေ ကျပ်
၁၀ သိန်းကို ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် စာရေးဆရာမ
ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က “လူငယ်နှင့် အသိပညာ” ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေးဟောပြောပြီး
နေပြည်တော် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးကြည်စိုးလင်းက ဉာဏ်စမ်းပဟေဠိများကို
ကျောင်းသား ကျောင်းသူများကို မေးမြန်းရာ မှန်ကန်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား
ဌာနဆိုင်ရာများက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment