ရန်ကုန် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့တွင် မရမ်းကုန်းခရိုင် ပိတောက်ရနံ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ မိသားစုဝင်များပါ၀င်သောအဖွဲ့သည် ယနေ့ညနေ ၅ နာရီခွဲတွင် လှိုင်မြို့နယ်ရှိ ပိတောက်ရနံ့ မဟာသင်္ကြန်မဏ္ဍပ်လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွဲကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့်အဖွဲ့ရောက်ရှိကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တေးသံရှင်များက တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


No comments:
Post a Comment