တောင်ကြီး ဧပြီ ၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူမျာနှင့်အတူ ဧပြီ(၁၅)ရက် သင်္ကြန်အကြတ်နေ့ညနေပိုင်းက တောင်ကြီးမြို့ ပြည်နယ်လွှတ်တော်အနီးရှိဗဟိုမဏ္ဍပ်၌ ခေတ်ပေါ်တေးဂီတပညာရှင်များ၊ တေးသံရှင်များက DJ, Music Band များနှင့်တွဲဖက်၍ ပရိသတ်အကြိုက်တေးသီချင်းများကို သီဆိုဖျော်ဖြေပေးနေမှုတို့ကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြောင်း သိရသည်။
တောင်ကြီးမြို့တွင် သင်္ကြန်အကြတ်နေ့တွင်လည်း မဏ္ဍပ်များအသီးသီး၌ ညနေပိုင်းအစီအစဉ် များဖြင့် ပရိတ်သတ်များအကြိုက် ဖျော်ဖြေတင်ဆက်ပေးလျက်ရှိကြရာ ပြည်သူများ စည်ကား သိုက်မြိုက်အေးချမ်းစွာ ပါဝင်ဆင်နွဲလျက်ရှိကြကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)
No comments:
Post a Comment