ရန်ကုန် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌများ၊ အားကစားဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်းက သင်တန်းသား၊ သင်တန်းသူများကို အားကစားအထောက်အကူပြုပစ္စည်များနှင့် သင်တန်းအင်္ကျီများအားလည်းကောင်း၊
သရုပ်ပြအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ ဘင်ခရာနှင့်ပန်းပွားအဖွဲ့ကို
ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်သည်။
ယင်းနောက်
၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများက ကွင်းအတွင်းမှ
ပြန်လည်ထွက်ခွာကြသည်။
၎င်းနောက်
ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့်အဖွဲ့က မြန်မာ့သိုင်း၊ အေရိုးဗစ်၊ တိုက်ကွမ်ဒို၊ ဝူရှူးနှင့် ကျွမ်းဘားအားကစားအဖွဲ့များမှ
သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများတွင် စက်ဘီး၊ ပိုက်ကျော်ခြင်း၊
အေရိုးဗစ်၊ လက်ဝှေ့၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ကျွမ်းဘား၊ ဝူရှူး၊
ဘောလုံး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊
မြန်မာ့သိုင်း/ဗိုမီနမ်၊ ဘော်လီဘော၊ ရေကူး၊ ခရစ်ကတ်၊ ဘိလိယက်နှင့် စနူကာ၊ အလေးမနှင့်မြှားပစ် စုစုပေါင်းအားကစားနည်း(၂၄)နည်းဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ
သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို
(ပြန်/ဆက်)
No comments:
Post a Comment