နေပြည်တော် မတ် ၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ရုံးအမှတ် (၃၄) ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ
ကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းတွင် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့် ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန၏ မူဝါဒများ၊ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို
ပိုမိုသိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်
မြင့်မားလာစေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ဌာန၏
လုပ်ငန်းတာဝန်များဖြစ်သည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီများ ကြီးကြပ်စစ်ဆေးခြင်း၊ ပုဂ္ဂလိက
အာမခံကုမ္ပဏီများအား ကြီးကြပ်ကွပ်ကဲခြင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
အောင်ဘာလေထီလုပ်ငန်းနှင့် နိုင်ငံပိုင်ဘဏ်များ ကြပ်မတ်ကွပ်ကဲခြင်း လုပ်ငန်းများကို
ပိုမိုနားလည်ပြီး ကျွမ်းကျင်မှုရှိစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
သင်တန်းသား
သင်တန်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဘဝတွင်လည်း ဌာနဆိုင်ရာဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ
ပြင်ပစာအုပ်၊ စာပေများကို ဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်နိုင်မှုရှိအောင် ကြိုးစားသွားကြရန်
လိုအပ်ကြောင်း မှာကြားသည်။
ယခုဖွင့်လှစ်သည့်
သင်တန်းသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ
အမှုထမ်း ၃၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment