Sunday, November 30, 2025

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူပူးပေါင်းဆောင်ရွတ်သော ပဒေါင်းပိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊  ပဒေါင်းပိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်း၏ မုခ်ဦးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒေါင်းပိုင်းလမ်း ကွန်ကရစ်လမ်းသစ်အားတာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။  ယနေ့ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒေါင်းပိုင်းလမ်းသည် လမ်းအရှည် (၃၁၀၀)ပေ ရှည်လျားသောလမ်း ဖြစ်ပြီး ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေမှ (၃၀၀'x၁၂'x၈”)အား မြို့နယ်စည်ပင်သာယာရေးကော်မတီမှငွေကျပ်(၂၄.၀၉၈)သန်း၊ ပဒေါင်းပိုင်းလမ်းနေ ပြည်သူများမှ (၃၀၀'x၁၂'× ၈”) အား ငွေကျပ်(၂၄.၀၉၈)သန်း နှင့် ဘိလပ်မြေအိတ်-၂၁၄ အိတ် ထည့်ဝင်လှူဒါန်း၍ စုစုပေါင်း ပေအရှည် (၆၀၀'x၁၂'×၈")အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment