ပုသိမ် နိုဝင်ဘာ
၃၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်း တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာရှိ တောင်သူဦးကျော်ညွန့်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းရာသီ ဆီထွက်သီးနှံနေကြာစိုက်ပျိုးနေမှုများနှင့် စိုက်ဧက(၅)ဧကတွင် ရေဆင်း(၁၅)ဒေသမျိုး ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းရာသီဆီထွက်သီးနှံ ပဲပုပ်တိုးချဲ့စိုက်ပျိုးရေး(၅)ဧက စံပြစိုက်ခင်းနှင့် ဒေသမျိုးပဲပုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးသည့် ပဲပုတ်မျိုးများစိုက်ပျိုးကြရန်၊ ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဆောင်ရွက်ရန်၊ စိုက်ခင်းများသို့ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငဝန်တာဘေးရှိ ၂၀၂၅ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် ပဲပုတ် ၂၀ဧက၊ မတ်ပဲ၇၀ ဧက၊ ပဲတီစိမ်း ၇ဧက စိုက်ခင်းများကြည့်ရှုစစ်ဆေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။
ထို့နောက် ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်းကျေးရွာ မြတ်ကိုးပါးဘုရားကြီးကျောင်းတိုက်သို့သွားရောက်ရောက်ကာ မြတ်ကိုးပါးရုပ်ရှင်တော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ပြီးနောက် လေးမျက်နှာမြို့နယ်၊ ဘုတ်ချောင်းကျေးရွာအုပ်စု မြေနုကျောင်းတိုက်မှ မြတ်ကိုးပါးဘုရားကြီးကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေထိုင်တော်မူသည့် ဆရာတော်အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားတင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လက်မှုရွာစီမံကိန်း အားသွားရောက်ကြည့်ရှုအားပေးခဲ့ရာ
တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးက လက်မှုရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို
ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာစေပြီးကျေးလက်နေ
ပြည်သူများ၏လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ခြင်းဖြင့်
မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းလာစေရေး ဆောင်ရွက်သွားရန်
မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်မှန်ကျေးရွာရှိ ဦးမောင်မောင်သော်၏
“ဇာမဏီ” ပြာစိမ်းနွားမျိုးသန့် မွေးမြူရေးခြံသို့ သွားရောက်၍ မွေးမြူရေးခြံအတွင်း ဒေသနွားမျိုးသန့်မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ
စနစ်တကျမွေးမြူစေရေး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများကိုမေးမြန်းခဲ့ပြီး
ဇီဝမြေဩဇာများတိုးချဲ့ထုတ်လုပ်နိုင်ရန်နှင့် မြေလွတ်နေရာများတွင် ဇီဝမြေဩဇာအသုံးပြု၍
သီးပင်စားပင်များ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။ အဆိုပါ “ဇာမဏီ” ပြာစိမ်းနွားမျိုးသန့်
မွေးမြူရေးခြံတွင်(၂)နှစ်အောက်နွား(၃၇)ကောင်၊ (၂)နှစ်အထက် (၈၃)ကောင်၊ စုစုပေါင်း (၁၂၀)ကောင်မွေးမြူထားကြောင်း
သိရသည်။
ထို့နောက် ငါးသိုင်းချောင်းမြို့ရှိ ဝင်းဧရာဝါးတူစက်ရုံသို့သွားရောက်၍
ဝါးတူထုတ်လုပ်မှုအဆင့်ဆင့်တို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ဝါးကုန်ကြမ်းေရွးချယ်ခြင်း၊
ဖြတ်တောက်ခြင်း၊ ပုံကြမ်းထုတ်ခြင်း၊ ပေါင်းဖိုဖြင့်ပိုးသတ်ခြင်း၊ အခြောက်ခံခြင်း၊ ပုံချောထုတ်ခြင်း၊
ပုံဖော်စက်ဖြင့် ပုံချောဖော်ခြင်း၊ အရည်အသွေးကောင်းမွန်သည့် တူချောများအား ၂ချောင်းတစ်စုံဖြင့်
ထုတ်ပိုးခြင်းနှင့် အထုတ်(၅၀)ပါကင်များ ထုတ်ပိုးခြင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ
တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်နှင့် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်နိုင်မှုနှင့်
ရောင်းချရမှုအခြေအနေများရှင်းလင်းတင်ပြမှုခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကုန်ထုတ်လုပ်ငန်းများ
ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ ခေတ်မီစက်ပစ္စည်းများအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအ လေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
အဆိုပါ ဝင်းဧရာဝါးတူစက်ရုံမှ တစ်နေ့လျှင် ပျမ်းမျှ ဝါးတူအထုတ်(၅၀)ပါ ပါကင် (၇၀) ထုတ်အားတိုင်းဒေသကြီးအတွင်းနှင့်
အခြားတိုင်းဒေသကြီးများသို့ ထုတ်လုပ်တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ
အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံ၏ ဒုတိယ မြောက်စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ကို
မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး
တိုင်းဒေသကြီးသည်လည်း စပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့်
မိုးစပါးနွေစပါး(၅၂)သိန်းကျော်နှင့် ပဲမျိုးစုံ(၁၆)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊
တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများပြားပြီး
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းတစ်ခုခုကိုအဓိက လုပ်ကိုင်ကြသူများဖြစ်ပါကြောင်း၊
ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆီထွက်သီးနှံများအပြင် ပဲပုပ်-ပဲကြီး ရောနှောဧက(၁)သိန်းကိုလည်း တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပီလောပီနံစိုက်ပျိုးရေးနှင့်ပတ်သက်၍
ကျုံပျော်ခရိုင်ကိုအခြေခံ၍ ပီလောပီနံ စိုက်ပျိုးရေးတွင် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန်
ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား
ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊
Global Earth Agro & Aqua Industry Public Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ
လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့်ဝန်ထမ်းဦးရေအား တိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှ
ဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း
အလုပ်ခန့်ထားပေးသွားမည်ဖြစ်၍ ကျောင်းသား/ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊
တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊
အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင်
အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊
တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေးကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအနေဖြင့်
ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ်ဆောင်ရွက်နိုင်ရန်လည်း
လိုအပ်မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ( Drum Seeder)၊ ဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့၊
မြေပဲမျိုးစေ့များပေးအပ်ခဲ့သည်။ ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက
ဒေသလိုအပ်ချက်များကို တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)



No comments:
Post a Comment