နေပြည်တော် နိုဝင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် “မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း” ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်၍ စီမံကိန်းကာလနှစ်နှစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းလုပ်ငန်းများ၏ အကျိုးသက်ရောက်မှု၊ ထိရောက်ကောင်းမွန်မှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် အားသာချက် အားနည်းချက်များကို သုံးသပ်ဖော်ထုတ်ပြီး ပိုမိုပြည့်စုံကောင်းမွန်သည့် စီမံကိန်းဒီဇိုင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသိပညာမျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် M-Gallery Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ပထမအတွင်းဝန် မစ္စတာ ကျန်းကျုန်းဟွာ၊
ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့
(မြန်မာ) ဒုတိယဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စီမံကိန်းကျေးရွာသူ
ကျေးရွာသားများ တက်ရောက်သည်။
ဦးစွာ
မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင် - လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့်
ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာစံပြကျေးရွာ တိုးချဲ့ဆောင်ရွက်ခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်ခဲ့မှု
မှတ်တမ်းတင် Video Clip ကို ကြည့်ရှုအားပေးသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုစီမံကိန်းသည် ဘက်စုံဖွံ့ဖြိုးရေး
စီမံကိန်းဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာများအထိပါ အကျိုးကျေးဇူးရရှိစေသည့်
စီမံကိန်းဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းလုပ်ငန်းများ၏
အကျိုးသက်ရောက်မှု၊ ထိရောက်ကောင်းမွန်မှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်
အားသာချက်အားနည်းချက်များကို သုံးသပ်ဖော်ထုတ်ပြီး ပိုမိုပြည့်စုံကောင်းမွန်သည့်
စီမံကိန်းဒီဇိုင်းများ ပေါ်ပေါက်လာစေရန် အတွေ့အကြုံမျှဝေခြင်း၊
သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး
အနာဂတ်လုပ်ငန်းစဉ်များအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
မဲခေါင်-လန်ချန်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ၏ ဒုတိယဥက္ကဋ္ဌက မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားပြီး
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်မှု
မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချူပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်
ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းဝန်ထမ်းများ၊
စီမံကိန်းကျေးရွာသူ/ ကျေးရွာသားများက Panel Session များ၊ Group Discussion တို့ဖြင့် စီမံကိန်းအတွေ့အကြုံမျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့၌ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတက်ရောက်အောင်မြင်ပြီးသူများ၏
တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဆောင်ရွက်နေမှု၊ အေးချမ်းသာစံပြကျေးရွာ၌
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ဆောင်ရွက်ပေးခဲ့သော ကျေးရွာတွင်းလမ်း အရှည် ၁ ဒသမ ၇ ဖာလုံ အပိုင်း (၁) ကွန်ကရစ်ခင်းခြင်း
လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာတွင်းလမ်း အရှည် ၃ ဒသမ ၅ ဖာလုံ အပိုင်း (၂)
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှု၊ မြောက်မြိုက်ကျေးရွာအုပ်စု
ဒဟတ်ကုန်းကျေးရွာရှိ လင်းရောင်ခြည်လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ
အသင်းသားတောင်သူများ၏ လယ်မြေ ၂၀၃ ဧကတွင် စိုက်ပျိုးခဲ့သော RAKA-၆၆၆ အထွက်ကောင်း
ချည်မျှင်ရှည်ဝါမျိုးများ ခူးဆွတ်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့ လှချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်း၏ “လှ”
ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများက စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်
သမဝါယမအသင်းဥက္ကဋ္ဌနှင့် စက်ရုံတာဝန်ခံတို့က စက်ရုံဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်
စက်ရုံဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံအတွင်း
လိုက်လံလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment