နေပြည်တော် နိုဝင်ဘာ ၂၁
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊
နေပြည်တော်ကောင်စီဝင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့်
တာဝန်ရှိသူများ တက်ရောက်ပြီး ရန်ကုန်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများမှ
မြို့တော်ဝန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ
အလုပ်သမားရေးရာဝန်ကြီးများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဦးစွာ
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက
နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကိုင်နိုင်သည့်
အသက်အရွယ်ရှိ အလုပ်အကိုင်ရှာဖွေနေသူများကို အသက်အရွယ်နှင့် သင့်လျော်သော အလုပ်အကိုင်ရွေးချယ်ရေး၊
အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေး၊ အလုပ်အကိုင်ရှာဖွေသူများနှင့်
အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သော
အလုပ်သမားရရှိရေးတို့အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု
ဆောင်ရွက်နေသော လုပ်သားတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုတိုးတက်ရေးကို အခြေခံအင်အားအဖြစ်
သတ်မှတ်ပြီး အထူးအလေးထားဆောင်ရွက်ကြရာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်
ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။
လုပ်ငန်းရှင်များအနေဖြင့်
မိမိတို့၏ လုပ်ငန်းများတွင် လုပ်ငန်းကျွမ်းကျင်သူ၊ စွမ်းဆောင်ရည်ရှိသူ
ကျွမ်းကျင်လုပ်သားများကို ခန့်ထားမည်ဆိုပါက လုပ်ငန်းတိုးတက်မှုနှုန်း
ပိုမိုမြင့်မားလာမည်ဖြစ်သည့်အပြင် အရည်အသွေးပြည့်ဝသော ကုန်ထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
အစည်းအဝေးတက်ရောက်လာသူများက ပြည်တွင်းအလုပ်အကိုင်များ ခန့်ထားရေးနှင့် စပ်လျဉ်း၍
ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ ခန့်ထားဆောင်ရွက်နိုင်ရေးအတွက်
စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားဦးရေအပေါ်မူတည်၍ ကျွမ်းကျင်လုပ်သားပါဝင်မှု
ရာခိုင်နှုန်းသတ်မှတ်နိုင်ရေး၊ အမျိုးသားအဆင့်အရည်အချင်းမူဘောင်တွင် ကျွမ်းကျင်မှု
မူဘောင်ထည့်သွင်းသတ်မှတ်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment