နေပြည်တော် နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ရှိ ထိုင်း နိုင်ငံစီးပွားရေးသံမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေးအသင်း (Thai Business Association of Myanmar) မှ အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်
ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ကုန်သွယ်မှု၊
ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမဟုတ်သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်
အခြေအနေများအရ သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ ထိုင်းဘတ်ဖြင့် ငွေပေးချေမှုများ၊
ရင်းနှီးမြှုပ်နှံမှုပြုရာတွင် ထိုင်းဘတ်ဖြင့် ဆောင်ရွက်လိုသည့် ကိစ္စ၊
နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ သိရှိလိုသည့်အချက်များ ဆွေးနွေးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
ဒေါ်သန်းသန်းဆွေက နိုင်ငံခြားငွေနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ပေးနေသော
ကိစ္စရပ်များ၊ နှစ်နိုင်ငံဘဏ်များအကြား ဆောင်ရွက်ရန်လိုအပ်ချက်များ၊
ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ FX Trading Platform မှ ဈေးကွက်အခြေခံ၍
နိုင်ငံခြားငွေရောင်းဝယ်ပြုလုပ်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံငွေကြေးအသုံးပြု၍
ကုန်သွယ်မှုဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် ငွေရေးကြေးရေးကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများကို
ရင်းနှီးစွာတွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment