နေပြည်တော် အောက်တိုဘာ ၇
၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
သီဆိုယှဉ်ပြိုင်
ယနေ့တွင် “မဟာဂီတ”
တေးသီချင်းအဆိုပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ
အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊
ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီ
တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက သာဆန်းရဂုံဘွေ (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊
အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် မွန်ပြည်နယ်၊
ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊
ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊
ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက
ဇမ္ဗူရောင်ကွန့် (ဘွဲ့) သီချင်းဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
“ခေတ်ဟောင်း/ကာလပေါ်”
တေးသီချင်းအဆိုပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌
ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသ ကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့မှ အနန္တငါးဖြာသီချင်းဖြင့်လည်းကောင်း၊
အဆင့်မြင့်ပညာအဆင့်အမျိုးသားပြိုင်ပွဲ တွင် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့်
ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ရိပ်မြိုင်ရေချမ်းမေတ္တာစမ်းသီချင်းဖြင့်လည်းကောင်း၊
အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကရင်ပြည်နယ်၊
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊
ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက
ဒိုးကလေးသီချင်းဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
ကကြိုးကကွက်
စုံလင်စွာဖြင့် ယှဉ်ပြိုင်
ထို့ပြင် အကပြိုင်ပွဲကို
ဆင်ဖြူရှင်ခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင်
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ
ပြိုင်ပွဲဝင်များကလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုး သမီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊
ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်
ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက
လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင်
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင် များကလည်းကောင်း ကကြိုး ကကွက်စုံလင်စွာဖြင့် ယှဉ်ပြိုင် ကြသည်။
ဖော်ကျူးတေးဖွဲ့
ထို့အတူ အရေးပြိုင်ပွဲကို
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာ
(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် ကယားပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊
ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း
ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လူချွန်လူကောင်းတို့ဂုဏ်ရည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊
အခြေခံပညာ (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသား/အမျိုး သမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊
ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက “ကျောင်းနေစဉ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့
ယှဉ်ပြိုင်ကြသည်။
အလားတူ တယောအတီးပြိုင်ပွဲကို
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့် ရေးဇာတ်ရုံ၌ ကျင်းပရာ အခြေခံပညာအဆင့်
(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက ဝေဘာဂီရိ (ကြိုး)
သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်
ဧရာဝတီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊
မကွေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ
ပြိုင်ပွဲဝင်များက တိမ်တမန် (ကာလပေါ်) သီချင်း ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက်
၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက မဟာဇနက (ခေတ်ဟောင်းကာလပေါ်) သီချင်းဖြင့်လည်းကောင်း သာယာငြိမ့်ညောင်းစွာ
တီးခတ်ယှဉ်ပြိုင် ကြသည်။
ထို့အတူ ဆိုင်းတစ်ဦးချင်း
အတီးပြိုင်ပွဲကို ပုဗ္ဗသီရိခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅ နှစ်အတွင်း)
အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊
ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်
မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိမ်းလဲ့လဲ့ညိုပြာ(ကြိုး)သီချင်း ဖြင့်လည်းကောင်း၊
အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊
ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်မြေနယ် ဇမ္ဗူပါ
(မြင်းခင်း)” သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်
ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက “မြန်မြေနယ်ဇမ္ဗူပါ (မြင်းခင်း) သီချင်းဖြင့်လည်း ကောင်း မြိုင်မြိုင်ဆိုင်ဆိုင်
တီးခတ်ယှဉ်ပြိုင်ကြသည်။
ထိုသို့ သတ်မှတ်နေရာများအလိုက်
ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင် နေမှုများကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြသည်။
၂၀၂၅ ခုနှစ်
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကို
မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟိုအဆင့် ဟူ၍ အဆင့်ဆင့်
ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် အခြေခံပညာ (အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း)၊
အခြေခံပညာ(အသက် ၁၅ နှစ်မှ ၂၀ အတွင်း)၊ အဆင့်မြင့်ပညာအဆင့်ဟူ၍ အဆင့်(၃)ဆင့်တို့တွင်
ပြိုင်ပွဲဝင် ၁၆၆၁ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အကဲဖြတ်ပညာရှင် ၁၀၇ ဦးဖြင့် စနစ်တကျ
စိစစ်အကဲဖြတ်အမှတ်ပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment