ရန်ကုန် စက်တင်ဘာ ၂၅
အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိ (AFC) U-17 Women’s Asian Cup China 2026 Qualifiers ပြိုင်ပွဲ၊ အောက်တိုဘာ ၁၄ ရက်တွင် (AFC) Asian Cup Saudi Arabia 2027 Qualifiers ပြိုင်ပွဲ၊ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိ Asian Women’s Cham-pions League (AWCL) 2025 Group Stage ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ AFC U-17 Asian Cup Saudi Arabia 2026 Qualifiers ပြိုင်ပွဲများကျင်းပမည်ဖြစ်ပါကြောင်း၊ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက်ပေးသည်ထက် ပိုမိုဂရုစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ သွားလာ/နေထိုင်စားသောက်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ် စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီမံရေးရာနှင့်လုံခြုံရေးဌာနတာဝန်ခံက Video Clip ဖြင့် ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြသပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Asian Women’s Champions League (AWCL) 2025 Group Stage ပြိုင်ပွဲ ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက်ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား သည်။
သတင်းစဉ်
No comments:
Post a Comment