နေပြည်တော် ဩဂုတ် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ၏ တမံကြံ့ခိုင်မှု၊ ဝင်ရေသိုလှောင် ထားရှိမှု၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တမံကြံ့ခိုင်လုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်ရမည့်လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ပေါင်းလောင်းရေလှောင်တမံအနေဖြင့်
တမံသက်တမ်း (၂၁) နှစ်အတွင်း ရေပိုလွှဲမှ ရေကျော်ကျမှု ဖြစ်စဉ် (၁၈) နှစ် ကြုံတွေ့ခဲ့ရကြောင်း၊
အများဆုံးရေကျော်ကျမှုအဖြစ် ၂၀၁၃ ခုနှစ်တွင် ရေအမြင့် (၈ ဒသမ ၃)ပေဖြင့် ၁၁၈ ရက် ရေကျော်ကျခဲ့ကြောင်း၊
၂၀၂၄ ခုနှစ်တွင် ရေအမြင့် (၁၁ ဒသမ ၈၇)ပေဖြင့် ၆၈ ရက် ရေကျော်ကျခဲ့ကြောင်း၊ လက်ရှိတွင်
အမြင့် (၂ ဒသမ ၂၉) ပေဖြင့် ရေကျော်နေ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကန်ရေပြည့်သိုလှောင်နိုင်ခြင်းကြောင့်
ရေအားလျှပ်စစ်စက်ရုံရှိ တာဘိုင်လေးလုံးမှ စွမ်းအားပြည့်ထုတ်လုပ်နိုင်ပြီး ဆည်ရေသောက်ဧရိယာအတွင်းမှ
ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးခြင်းအတွက် စိုက်ပျိုးရေဖူလုံစေမည်ဖြစ်ကြောင်း၊
ယခုကဲ့သို့ ရေပိုလွှဲမှ ရေကျော်ကျနေခြင်းသည် တမံကြံခိုင်မှုနှင့် ဒေသ၏ ဘေးကင်းလုံခြုံမှုအပေါ်
ထိခိုက်နိုင်ခြင်းမရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment