နေပြည်တော် ဩဂုတ် ၇
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund- UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်
UNICEF မှ ဆောင်ရွက်လျက်ရှိသော လူမှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
အကျိုးရှိထိရောက်စေရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းစဉ်များအပေါ်
အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား
ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ
UNICEF ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment