နေပြည်တော် ဇူလိုင် ၂၃
အဏ္ဏဝါခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ်များ အကောင်အထည်ဖော်နိုင် ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအဖွဲ့ဝင် တတ်သိပညာရှင်များနှင့် Shan Yoma Travel & Tours ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင်
ကမ္ဘာလှည့်ခရီးသွားများ မြန်မာ နိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုလာရောက် လည်ပတ်
ကြရေး၊ အဏ္ဏဝါခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော် ယာဉ်တန်းခရီးစဉ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး၊
ခရီးစဉ်လမ်းကြောင်းများဖော်ထုတ်ရေး၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးတို့ကို
ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် ခရီးသွားစစ် တမ်းကောက်ယူမှုလုပ်ငန်းများစတင်ခြင်းအခမ်းအနားသို့
တက်ရောက်အမှာစကားပြောကြားရာတွင် ပြည်ဝင်ခရီးသွားစစ်တမ်း၊ ပြည်တွင်းခရီးသွားရှေ့ပြေးအကြို
လေ့လာမှုစစ်တမ်းနှင့် ပြည်ပထွက်ခွာ ခရီးသွား ရှေ့ပြေးအကြိုလေ့လာမှု စစ်တမ်းများကို
ထုတ်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ဝန်ကြီး ဌာနအစီအစဉ်ဖြင့် ပြည်ဝင်ခရီးသွားစစ်တမ်းနှင့်
ပြည်တွင်းခရီးသွားစစ်တမ်းတို့ကို မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၀ ကျော်တွင် ကောက်ယူသွားရန်
စီစဉ်ထားရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စစ်တမ်းများ နှင့် စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းအဖွဲ့တွင်
အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားစစ်တမ်းများမှတစ်ဆင့်
ခရီးသွားများ၏ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရေးဆွဲခြင်း၊
ခရီးသွားဆွဲဆောင်မှု ပုံစံသစ်များ ဖော်ထုတ်ခြင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှုများ ဖြည့်ဆည်း
ဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်များ ရှာဖွေမြှင့်တင်ခြင်းတို့ကို
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊
စစ်တမ်းကောက်ယူမည့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊
နေပြည်တော် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး
နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြ သည်။
အခမ်းအနားတွင်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၅ ခုနှစ် ပြည်ဝင်နှင့်
ပြည်တွင်းခရီးသွားစစ်တမ်းများ ကောက်ယူမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး
ပြည်ထောင်စုဝန်ကြီးက စစ်တမ်းကောက်ယူမည့် ဝန်ထမ်းများအတွက် ဝတ်စုံများကို ညွှန်ကြားရေးမှူးချုပ်ထံ
လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment