နေပြည်တော် ဇူလိုင် ၂၃
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community
Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်
သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၄၇ ဒသမ ၈၂၅၂ တန်၊
သစ်မာ ၅ ဒသမ ၀၉၃၂ တန်၊ အခြား ၅၃ ဒသမ ၈၀၂၄ တန် စုစုပေါင်း ၁၀၆ ဒသမ ၇၂၀၈ တန်၊ ယာဉ်/ယန္တရား
ငါးစီး၊ တရားခံ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်

No comments:
Post a Comment