Tuesday, July 15, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး

ပဲခူး ဇူလိုင်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ယမန်နေ့မွန်းလွဲ နာရီက ပဲခူးမြို့ အားကစားဥယာဥ်ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး ဘောလုံးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုများကို ကြည်ရှုအားပေးခဲ့သည်။







ပဲခူးမြို့ အားကစားဥယာဥ်ကွင်း၌ ကျင်းပသည့် အုပ်စုပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်းက ပဲခူးတိုင်းဒေသကြီး ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သည့် ရွက်ပုန်းသီးဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:

Post a Comment