Tuesday, July 15, 2025

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်းစိန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။




ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ်ရေလှောင်တမံရေပိုလွှဲမှ ရေထုတ်လွှတ်နေမှု၊ ရေသိုလှောင်ထားရှိမှု၊ ရေသိုလှောင်နိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေ၊ မွေးမြူရေးဇုန်သို့ ရေပေးဝေမှု၊ တမံပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ရေလှောင်တမံအတွင်း စက်လှေများဖြင့် ရေဝပ်သည့် နေရာများ၊ ရေလှောင်တမံဧရိယာနှင့် ဆက်စပ်သော နေရာများတွင် ငါးမွေးကန်များ ဆောင်ရွက်မည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကာ တိုက်ကြီးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်()လမ်းမကြီးတစ်လျှောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ဆောင်ရွက်နေသည့် လိပ်ပုတ်ချောင်းတွင် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှု၊ လှော်ကားလမ်းနှင့် အမှတ် (၄) လမ်းဆုံတွင် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က အရှည် ၃၅ ပေ၊ အောက်ခံအကျယ် ၃ ပေ၊ အပေါ်အကျယ် ၅ ပေ၊ အနက် ၅ ပေရှိ ဇလားပုံသဏ္ဌာန်အုတ်ရေမြောင်းတည်ဆောက်နေမှုနှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှု၊ အုတ်ဖိုချောင်းတွင် ရေးစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်စေရေး ချုံနွယ်၊ မြက်ပင်များ ရှင်းလင်းနေမှု၊ လမ်းလယ်တုံးများ တည်ဆောက်မည့် နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လု်ပငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းဘေးဝဲ/ယာ ရေမြောင်းတစ်လျှောက် အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လမ်းနယ်နိမိတ်များ မှန်ကန်စေရေး မြေပုံ၊ မြေပြင်စနစ်တကျ တိုက်ဆိုင်စစ်ဆေးရန်စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment